ငါ့ရဲ့ ဗီးနပ်စ်

5 03 2011

အဝေးက အလွမ်းတွေ တမ်းချင်းတွေကြားမှာ

ဗီးနပ်စ်ဟာ ငါ့အတွက် တောက်ပလွန်းတယ်၊ အေးချမ်းလွန်းတယ်

ရံဖန်ရံခါ မက်ဖူးတဲ့ အိမ်မက်တွေဟာ ဗီးနပ်စ်ရဲ့ ပုံရိပ်တွေနဲ့

ငါ့ရဲ့ဗီးနပ်စ်ဟာ သံဇဉ်တွေကို ချစ်တတ်တယ်

ခံစားပေးမယ့် စိတ်ကူးတွေ သူ့မှာ လှလှပပ အတည်တကျရှိတယ်

ငါဟာ ငါ့ရဲ့ ဗီးနပ်စ်ကို ချစ်ခဲ့တယ် ကြိုက်ခဲ့တယ်ဆိုတာထက်

ကိုးဆယ်ဆသာခဲ့တယ်၊ အဆုံးမရှိဖြစ်ခဲ့တယ်

ငါ လေလွင့်မိုးကောင်ကင် ဖြစ်ခဲ့တာ ရက်တွေက အသီးသီးသက္ကရာဇ်မြစ်ထဲမှာ မျှောပါ

အတိတ်တွေသာ ချန်ရစ်ခဲ့ မြေမြုပ်ပစ်ခဲ့တဲ့ ကမ္ဘာတစ်ခုစီမှာ

ငါ အိမ်မက်ဆိုးတွေ မက်တိုင်း ငါ့ရဲ့ ဗီးနပ်စ်ဟာ ပျော်ရွင်မှုတွေး ပေးခဲ့တယ်

ငါဟာ ငါ့ရဲ့ ဗီးနပ်စ် အတွက် မိုက်ကန်း တေလေ နယ်မြေမရွေ့တော့ဘူး

အနည်ထိုင်ခြင်း ရိုးသားစွာနဲ့ သူ့လက်ကို ဆုပ်ကိုင်ပြီး

အချစ်ရဲ့ နယ်ပယ်အနှံ့ဖြန့်ကျက်ပြီး အတောင်ဖြန့်ချင်တယ်

ကမ္ဘာကြီးကို သူနဲ့အတူ နှုတ်ဆက်ချင်တယ်၊

ပင်လယ်ကြီးရဲ့ နေ၀င်ချိန်ကို အတူတူထိုင်ကြည့်ချင်တယ်

နေ့ရက်တွေဆိုတာ ငါနဲ့ဗီးနပ်စ်ရဲ့ကြားမှာ ယုံကြည်မှုများသာ

ရာဇ၀င်တွင်ရစ်ခဲ့မှာ ဖြစ်လို့ လွမ်းလို့ကျန်ရစ်မယ်ဆိုတာကို မပြဌာန်းချင်ဘူး

မှတ်မှတ်ရရနဲ့ နှောင်းတသသ စာမျက်နှာတွေသာ စွဲကျန်ထင်ရစ်ခဲ့ဖို့သာ ရင်ခုန်ချင်ပါတယ်

ဘာပဲဖြစ်ဖြစ် အဘယ်ကဲ့သိုဖြစ်ဖြစ် နောင်ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ဘာပဲဖြစ်ဖြစ်

ဗီးနပ်စ်ဟာ ငါ့ရဲ့ဘ၀ ၊ ငါ့ရဲ့ဘ၀နဲ့ဗီးနပ်စ်တွေ့တဲ့အခါ

အချစ်ဖြစ်တည်မှု နိဒါန်းဖြစ်လာတော့ အချစ်ဟာ အချစ်တစ်ခုကို ဆုံမိတိုင်း

အခုထက်တိုင် လာမယ့် အလင်းနှစ်တွေထိတိုင် ဗီးနပ်စ်ကို ချစ်နေခဲ့တယ်…….။ ။

(Ko Ko Htun)


Actions

Information

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s